မမ

h2.date-header { }လလလလလလလလလလလလလလလ border:1px dotted $borderColor; border-width:1px 0; } မိဘကျေးဇူးသိတက်သောသားကောင်းရတနာ သမီးကောင်းရတနာဖြစ်ကြပါစေ လို့ဆုတောင်းလိုက်ပါသည်



Sunday, 26 June 2011

ဒဏ်ရာနဲ့ငှက်


မူလကတော့ ဘယ်ဒဏ်ရာ ရှိအုန်းမလဲ
ဥတဥထဲက သူလိုကိုယ်လိုပဲ ပေါက်တယ်

ဥထဲက ထွက်စ အရည်တချို့နဲ့ စေးကပ်
အတောင်ပံနေရာမှာ မွေးညှင်းကလေးတွေပဲရှိ

အက်ကွဲသွားတဲ့ ဥခွံထဲက တိုးထွက်တယ်
ဗီဇ စိတ်ခေါ်မလား အဲ့ဒီ သတ္တိနဲ့

အပြင်လေထု အပူ အအေး အစရှိတာတွေနဲ့ တွေ့ထိ
စူးစမ်း စိုးရွံ့ ခေါင်းထိုးကြည့် ပကျိ ပကျိ အော်မြည်မိ

ဆာတယ် ဆာတယ် ဆာတယ်
ဆာတယ် ဆာတယ် ဆာတယ် ဆာတယ် အော်မြည်မိ

တဖတ်ဖတ်တောင်ပံခတ်သံနဲ့ အတူ အရိပ်မည်းမည်းကြီးထိုးကျလာ
ပါးစပ်ထဲကို အစာခွံ့တာမှန်း အလိုလိုသိ မွတ်သိပ်စွာ ထိုးဟပ် စားသောက် မြိုချ

ဘယ်တော့မှ အစာ မဝ သလို ခံစားရ
ကိုယ်နေတဲ့ နေရာလေးဟာ ကျဉ်းသထက်ကျဉ်းလာသလို ခံစားရ

ကိုယ်ပေါ်မှာ အမွေးအမြှင်တွေ ပိုမိုထူထဲလာ
အတောင်ပံတစ်ဝိုက် ပိုမိုထူးခြားမှန်း အရေးတကြီး ဆစ်ဂနယ်လ်တွေ သိနေရ

ပတ်ဝန်းကျင်ကို ဝိုးတဝါးမြင်မိ
ဟား.. ငါနေတဲ့ နေရာကလေးက ကလချာပဲ ခုန်ဆင်းမယ် ခုန်ဆင်းမယ်

ထစ်ကနဲရှိ တောင်ပံတွေကို တဖျပ်ဖျပ် ခတ်နေမိ
ထစ်ကနဲရှိ တောင်ပံတွေကို တဖျပ်ဖျပ် ခတ်နေမိ

အရိပ်မည်းကြီးက ငါ့ကို အော်ဟစ် တွန်းချတယ်
သူ့နွေးထွေးမှုကို သွေးကသိနေခဲ့(ဒါ အမေ)လို့ ငါ့ကို အပျံသင်တာတဲ့

ရဲဝံ့ ဆတ်ဆော့စွာ ငါ ခုန်ချလိုက်တယ်
အတောင်ပံနှစ်ဖက်ကို အားရှိပါးရှိ လောဘတကြီး ခတ်ရင်းနဲ့

တနေရာမှာ ကျတယ် အရိပ်မည်း(အမေ) ငါ့ကို သူ့နှုတ်သီးနဲ့ ထိုးဆိတ်
ထခုန်တယ် အတောင်ပံတွေကို အားကုန်ရုန်း ခတ်တယ် လေထဲ စွပ်ကနဲ ရောက်သွားပြန်တယ်

အဲဒါတွေက
ဟို လွန်ခဲ့တဲ့ ၆ လ ၇ လ လောက်ကအကြောင်းတွေ ပြန်ပြောနေတာပါ

အခုတော့ ငါဟာ..
ဒဏ်ရာနဲ့ ငှက်တစ်ကောင်ပေါ့။      ။

ခင်အောင်အေး
၆၊ ဧပြီ၊ ၂၀၁၁ ဘန်ကောက် ၂၀း၀၂ နာရီ
(ကဗျာညီငယ် ရဲရင့်သက်ဇွဲ၏ ဖဘအယ်လ်ဘမ်မှ စာသားကို ယူငင်သုံးစွဲ ကဗျာရေးဖွဲ့ဖြစ်ခြင်း ဖြစ်ပါသည်)
----------------------------------------

ဆင်မဟုတ်ရင် နောက်ခြေတလှမ်းပြန်ဆုတ်
နေ့စဉ်
တွေ့မြင်ထိစပ်နေရတဲ့ အာရုံတွေ
တဖြည်းဖြည်းနဲ့ ပိုပို ကြမ်းရှလာတယ်။

မြင်နေကျ မြက်ခင်းကအစ
သူ့အစိမ်း နုပုံ ရင့်ပုံဟာ မသင်္ကာစရာ။

မော့သောက်လိုက်တဲ့ သောက်ရေသန့်
တဝက်တပျက်မှာ ဆက်မသောက်ရဲသလို
လန့်ဖြန့်ကာ နှုတ်ခမ်းသပ်မိ။

စိတ္တဇလား
တကယ်လား
တကယ်ဆိုကော တကယ့် တကယ်ပဲလား။

သိပ်ယုံကြည်ကိုးစားလွန်းလို့ ပုံအပ်လိုက်ပြီးမှ
ခြေတလှမ်းတောင် နောက်ပြန်ဆုတ်ဖို့ခက်နေတဲ့
၂၁ ရာစု နည်းပညာပေါက်ကွဲမှုကြီးတွေကို ဝမ်းနဲ့လွယ်ထားတဲ့
ခင်ဗျားတို့ ကျနော်တို့ရဲ့ ယနေ့ကမ္ဘာဆိုတာကြီး။      ။

ခင်အောင်အေး
၃၁၊ မတ်၊ ၂၀၁၁ ဘန်ကောက် ၂၁း၂၀ နာရီ
-----------------------------------

ဝမ်းပြားလှေ

မြစ်ကမ်းနဖူးကို ကြိုတင်ရည်ရွယ်ချက်မရှိဘဲ
အရုဏ်တက်မှာ ရောက်လာ ဆေးရုံတခုရဲ့ ပရဝုဏ် ငုဝါပန်းတွေ
တွဲလဲချိတ်ပွင့်နေတဲ့ အပင်အောက်က ရှေးခေတ် အမြောက် ၇ လက် ဖြေးဖြေးချင်း
မြစ်ကူးဖယ်ရီ ဘောတံတားပေါ် အိပ်မက်ယောင်သူလိုတက်လာမိ လတ်ဆတ်လေ ရှူမိ
ဘယ်ညာ ၂ ဖက်စလုံးရဲ့ မျက်စေ့တဆုံးတွေမှာ ကြိုးဆိုင်းမြစ်ကူးတံတား မဟာကြီး ၂စင်း
ပိုးကောင်လေးတွေလို ကားပုတီးစေ့တွေ တရွေ့ရွေ့ သွားနေတဲ့ မြင်ကွင်း ရိုးစင်း ဆန်းကြယ်
ကုန်တင် သင်္ဘောတစင်းဖြတ်အမောင်းမှာ ရေပြင်ဟာ နိမ့်ချည် မြင့်ချည် လှိုင်းလိုလိုဟာ ကမ်းစပ်
နံရံကို အသာအယာ ရိုက်ပုတ်တယ် မိုးကုတ်စက်ဝိုင်းဆီ ထိုးထွက်နေတဲ့ တော်တော်ဝေးဝေးက
ကဆီကွန် ဘဏ် ရုံးချုပ်အဆောက်အဦနဲ့ သူ့လိုဂို (နီယွန်မီးကြောင့်မြင်ရ) ဘယ်ဘက်ခြမ်းမှာက
စက်ရုံတချို့နဲ့ ဧရာမကွန်ကရစ်ကန်ကြီးတွေ နောက်ကျကျန်တဲ့ခြေထောက်သစ္စာဖောက် ကြယ်တချို့
အပျင်းကြောဆန့်နေဆဲ အရှေ့ဖက်ဆီက ပုဇွန်ဆီသွေး ဖြန်းလာ ငါရပ်နေတဲ့ ခြေထောက်အောက်က
သံချေးနိုင်းချင်းနဲ့ ဆိပ်ခံဘောဟာ နိမ့်ချည်မြင့်ချည် တကျွီကျွီမြည်နေတဲ့ဆီ အကြည့်ရောက်တော့
ဝမ်းပြားလှေလေး တစ်စင်း တံတားအောက်မှာ ကြိုးသိုင်းချည်ထား သူလဲ နိမ့်ချည်မြင့်ချည် မြစ်ပြင်
ပေါ်မှာ သူ့အံကြိတ်ပုံက မြစ်မှမဟုတ် ပင်လယ်မှမဟုတ် သမုဒ္ဒရာကိုပါ မာန်တက်အံတုနေလေဟန်
လား ဒီမြစ်ရေက ပင်လယ်တွေ သမုဒ္ဒရာတွေနဲ့ တဆက်တစပ်ထဲ ဆိုတော့ကာ..။     ။